ခေါင်းဆောင်တွေအတွက်စာ

ဒေါင်းရောင်နေ မှေးသကိုအခိုက်တွင်မှခေါင်းဆောင်တွေ
ရှေးနဂိုမလိုက်ပြန်တော့ အရေးထိုထို၌ အခိုက်အခွင့်မဟန်
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်...

Pages

Saturday, 29 May 2010

စစ်သားစုဆောင်းရေးတပ်အတွင်းဝင်ရန် ငြင်းဆန်သူ လူငယ်တစ်ဦး အသတ်ခံရ

မေလ ၁၆ ရက်နေ့ က ပဲခူးတိုင်း ညောင်လေးပင်မြို့ နယ် ပြွန်တန်ဆာအပိုင် ရထားလမ်းတနေရာမှာ စစ်သားအဖြစ် စုဆောင်းတာကို ငြင်းဆန်တဲ့ မောင်တင်မင်းနိုင် ဆိုသူ အသက် ၁၅ နှစ်အရွယ် လူငယ်တဦး သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ မောင်တင်မင်းနိုင်ဟာ ညောင်လေးပင်မြို့နယ် ဝါးရုံကုန်းကျေးရွာအုပ်စု၊ စံဖဲကျေးရွာက အဖ ဦးဌေးဝင်းရဲ့သား ဖြစ်ပါတယ်။ သူနဲ့ သူငယ်ချင်းတယောက်ဟာ မေလ ၁၆ ရက်နေ့ကွ့ကွက်ထိုးဖို့ အသွား၊ ပြွန်တန်ဆာမြို့  တောင်ဖက် သံတံတားလို့ ခေါ်တဲ့နေရာ အရောက်မှာ မီးရထားလမ်းလုံခြုံရေး တာဝန်ကျ စစ်သားသုံးယောက်က လှမ်းခေါ်ပြီး စစ်တပ်ထဲ ဝင်မလားလို့ မေးတယ်လို့ ဆိုပါတယ်။ မဝင်ရင် ပြန်မလွှတ်တော့ဘူးလို့ ပြောဆိုပြီး ခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ရဲ့ သူငယ်ချင်းက ဝင်ပါမယ်လို့ ပြောကြောင်း သိရပါတယ်။

မောင်တင်မင်းနိုင်ကတော့ ခင်ဗျားတို့ လုပ်ချင်ရာလုပ် မဝင်နိုင်ဘူးလို့ ငြင်းဆန်တဲ့အတွက် အဲဒီစစ်သား ၃ ယောက်ထဲက တပ်သား မိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီမှာတင် မောင်တင်မင်းနိုင် သေဆုံးသွားကြောင်း သိရပါတယ်။ နောက် စစ်သား ၂ ဦးကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ပြီး၊ ပြွန်တန်ဆာဘူတာမှာ အခြေစိုက်တဲ့ ခမရ (၅၈၆) စစ်ကြောင်း ၂ က ဖြစ်တယ်လို့ မြို့ ခံတဦးက ပြောပါတယ်။

ရွာကိုပြန်ရောက်သွားတဲ့ မောင်တင်မင်းနိုင်ရဲ့ သူငယ်ချင်းက သူ့မိဘတွေကို ပြောပြီး ရဲစခန်းကို တိုင်ကြားရာမှာ မောင်တင်မင်းနိုင်ရဲ့အလောင်
းကို အဲဒီ သံတံတားအောက် ချောင်းထဲက ဒိုက်ပင်တွေကြားထဲမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မှုခင်းစစ်ဆေးမှုတွေအပြီးမှာ အမှုမှတ်တမ်းကို စစ်ဘက်က လွှဲပြောင်းယူသွားတယ်လို့ ပြွန်တန်ဆာ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။ မောင်တင်မင်းနိုင်ရဲ့ မိသားစုကို သင်္ဂြိုဟ်စရိတ်အဖြစ် ကျပ်ငွေ သိန်း ၅ဝဝ လျော်ကြေးပေးပြီး ဘယ်အဖွဲ့အစည်းကိုမှ သတင်းမပေးရဘူးလို့ ခြိမ်းခြောက်ထားကြောင်းလည်း သိရပါတယ်။

စစ်တပ်က တုန့်ပြန် အရေးယူတာတွေ ဖြစ်လာမှာစိုးတဲ့အတွက် ပစ်သတ်ခံရတဲ့ မောင်တင်မင်းနိုင် မိသားစု အပါအဝင် ဒေသခံတွေက သတင်းဌာနတွေကို ပြောဖို့  ကြောက်နေကြတယ်လို့လည်း သိရပါတယ်။
http://www.rfa.org/burmese

Sunday, 23 May 2010

နာမည်ကျော် သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ဂရက် ပရိတ်သတ်နှင့်စာနယ်ဇင်းအသိုင်းအ၀ိုင်းတွင် အငြင်းပွားဖွယ်ရိုက်ခတ်


နာမည်ကျော် ရုပ်ရှင် ၊ဗီဒီယို နှင့် ကျော်ငြာ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ စာနယ်ဇင်း သမား
တစ်ယော
က်ကို ကိုယ်ထိလက်ရောက်ဆော်ကား တယ် ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး ကရက်အတော်
ထနေပါတယ်။ ထက်ထက်မိုးဦး ရဲ့ ပရိတ်သတ် များက လည်း မိမိတို့ ချစ်သော အနုပညာသမားဘက်
က နေ မှန်တယ်၊ စာနယ်ဇင်း ဆရာများ က လူမှုရေး မငဲ့ညာဘဲ မေးကြတယ် လို့ ပြောနေကြပြီး စာနယ်
ဇင်းဆရာများဘက်က လည်း စာနယ်ဇင်းဥပဒေ အရ မမေးသင့်သော မေးခွန်းမရှိ ဘူး လူမှုရေးအရမမေး
တာသာရှိတယ်။ ဒါကို ဥပဒေမဲ့ကိုယ်ထိ လက်ရောက်ကျူးလွန်ခြင်းကို လက်မခံဘူး တရားစွဲမယ် ဆိုပြီး
ပြောနေကြပါတယ်။
ကျွန်တော် လဲပဲ ကိုယ့်ရဲ့ အနုပညာ ဘက်တော်သားဘက်ကနေ ရေးမိသလိုဖြစ်ခဲ့ပါတယ်။(၀န်ခံပါတယ်)
တဘက်ကလဲ ကျွန်တော့်မှာ စာနယ်ဇင်း မိတ်ဆွေများလည်းရှိပါတယ်။ဒီတော့ ကျွန်တော့အနေနဲ့ ဒီကိစ္စ
မှာဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာ မဆုံးဖြတ်လို ၊မဝေဖန်လို(ဝေဖန်နိုင်သောအရည်အချင်းလည်း
မရှိ) တဲ့အတွက် ကာရကံရှင် များ ၀ါရင့်စာနယ်ဇင်းဆရာကြီးများ တရားဥပဒေ ရဲ့ အမှားအမှန်ဆုံးဖြတ်ချက်နှင့်
ကံတရားရဲ့ ဆုံးဖြတ်ချက်ကိုသာ လိုက်နာပါမည် ဖြစ်ကြောင်းပါခင်ဗျား။

အောက်မှာတော့ အဆိုပါ အဖြစ်အပျက်မှာ စာနယ်ဇင်း ကနေ ထက်ထက်မိုးဦးကို မေးမြန်းထားတဲ့ မေးခွန်း
တွေကို ဖော်ပြလိုက်ပါတယ်။

မေး ။ ။ ဟိုတစ်လောက နှလုံးနဲ့ ပတ်သက်ပြီးတော့ အနားယူနေတယ်လို့ပြောတယ်။
ဖြေ ။ ။ ဟုတ်တယ်။ အခုသက်သာသွားပြီ။ မေး ။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့ အခုလက်ရှိဘဝလေးကို အစ်မဘယ်လိုဖြတ်သန်းနေပါသလဲ။ ဖြေ ။ ။ ဒီအတိုင်းပဲ ကောင်းပါတယ်။ မေး ။ ။ အစ်မ နည်းနည်းအဆင်ပြေပြေလေး ဖြေပေးပါနော်။ အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ။ ဖြေ ။ ။ ဟုတ်။ အဆင်ပြေပြေဖြေပေးဆို မေးတဲ့အတိုင်းပဲ ထက်ထက်က ဖြေနေရတာလေ။ မေး ။ ။ အစ်မရဲ့ ကျန်းမာရေးအခြေအနေအရ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါ့မလား။ ဖြေ ။ ။ ဟုတ်။ ပြေပါတယ်။ မေး ။ ။ အဲဒါဘယ်တော့လောက်လဲ မသိဘူး။ ဖြေ ။ ။ အဲဒါ မသိသေးပါဘူး။ မေး ။ ။ ဟိုတစ်လောကလေ အဲ့လိုမျိုးဖြစ်သွားတာ အစ်မဘယ်လိုမျိုးခံစားရလဲ။ ဖြေ ။ ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူး။ မေး ။ ။ အစ်မအမျိုးသားနဲ့ အစ်မဘယ်မှာတွေ့ခဲ့ကြတာလဲ။ ဖြေ ။ ။ ဒီကိစ္စအသေးအမွှားလေးတွေကတော့ ထက်ထက်မဖြေချင်ဘူး။ ဒါတွေက အင်တာဗျူးထဲမှာ ထည့်တာတော့ထည့်လို့ရတယ် ထည့်လို့ မရလို့တော့ မဟုတ်ဘူး။ ဒါတွေက ဘာမှမဟုတ်တဲ့
မေးခွန်းလေးတွေ ဖြစ်နေတဲ့အတွက်တခြား မေးခွန်းလေးတွေ မေးပေးပါလားလို့ . .
.နော်။
မေး ။ ။ ပရိသတ်တွေကပြောကြတယ်။ ထက်ထက်မိုးဦး ဘဝကို ခဏခဏပြန်စနေရတယ်။ အဲဒီဝေဖန်မှုတွေကိုအစ်မဘယ်လိုမျိုးခံစားရလဲ။ ဖြေ ။ ။ သွားလိုက်တော့။ နင်သွားလိုက်တော့

ရန်ကင်းမြို့နယ်တရားရုံး ဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄
ရက်နေ့တွင် သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ
၃ ယောက်အား ထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ
ကိုဘုန်းနေလတို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု
စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။ ထက်ထက်မိုးဦး အား 7Day News မှ
တရားစွဲဆိုသော သတင်းအားဖော်ပြလိုက်မှုကြောင့် The Voice Weekly ဂျာနယ်နှင့်
The First ဂျာနယ်တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်တစ်ပတ်
ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ထက်ထက်မိုးဦးသည် ယမန်နှစ်က ဗီဒီယို သရုပ်ဆောင် ဇူးမြတ်ထက်နှင့်လက်ထပ်ခဲ့ပြီး၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် သားတဦး ဖွားမြင်ခဲ့သည်။ သို့သော်လည်းထိုသားငယ်မှာ မီးတွင်းမှာပင်သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့အခြေစိုက် 7Day ဂျာနယ်မှ
စာနယ်ဇင်းသမားတဦးက
ထိုအကြောင်းအရာများကို မေးမြန်းရာ အကယ်ဒမီ ထက်ထက်မိုးဦးက ဒေါသထွက်ပြီး
စာနယ်ဇင်းသမားကို
ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီ သတင်းထောက် မင်းနိုင်သူက
ထက်ထက်မိုးဦးကို ယနေ့ ဆက်သွယ်ပြီး
ပဋိပက္ခဖြစ်ခဲ့ပုံအား
မေးမြန်းထားပါသည်။

မေး။ ။ မထက်နဲ့ သတင်းထောက် တယောက်နဲ့ ဆီဒိုးနား ဟိုတယ်မှာ ပဋိပက္ခ ဖြစ်သွားတဲ့ ကိစ္စဟာ

ပြည်တွင်း သတင်း
လောကမှာ တော်တော်လေး ပျံ့နှံ့နေတယ်လေ။ အဲဒီအချိန်မှာ မထက်ရဲ့စိတ်ခံစားမှုက
ဘယ်လိုများ
ရှိနေခဲ့တာလဲဗျ။

ဖြေ။ ။ အနုပညာသမားနဲ့ စာနယ်ဇင်းသမား
ဆိုတာ ဖေးမ လက်တွဲလို့ အတူတူ လျှောက်ရတာပဲလေ။ မဖြစ်ခင်မှာ သူတို့ တင်ပေး၊
ဖြစ်လာတဲ့အခါမှာလည်း
တယောက်နဲ့ တယောက် ကြည်ကြည်ဖြူဖြူနဲ့ သူတို့ လိုအပ်တဲ့ပုံတွေ
ရိုက်ပေးခဲ့ကြတာပဲလေ။ ထက်ထက်
ကိုယ်ဝန် ၅ လ ခွဲမှာပေါ့ ELEVEN ဂျာနယ်က အင်တာဗျူး လှမ်းလုပ်တဲ့ အခါမှာ
ထက်ထက် နေမကောင်းသေးလို့
ခဏလေး စောင့်ပါဦး ဆိုတာကို စိတ်ဆိုးသွားပြီးတော့ ရေးလိုက်တယ်ပေါ့နော်။
ရေးလိုက်တာက
မြန်မာပြည်မှာ အိမ်ထောင်ဆက် များတဲ့ မင်းသမီး ဆိုပြီး ရေးလိုက်တဲ့ အခါမှာ
ထက်ထက် စာပေ
စိစစ်ရေးကို စာ သွားတင်လိုက်တယ်လေ။ ဒီ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ပတ်သက်ပြီး
မထည့်စေချင်ဘူးလို့
တင်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထက်ထက်ရဲ့ကိုယ်ရေးကိုယ်တာ ပြီးခဲ့တာတွေက
ပရိသတ်က
သိလည်း သိကြပါတယ်။ တတိုင်းပြည်လုံးက ထက်ထက် ဘယ်လို အနေအထားမှာ ရှိလဲ
ဆိုတာကို။ ဒါတွေက
လိမ်ညာလို့ ရတာတွေလည်း မဟုတ်ဘူး။ ထက်ထက် ကိုယ်တိုင်လည်း ပရိသတ်ကို
လိမ်ညာပြီး ဘာမှ
မလုပ်ခဲ့ဖူးဘူးလေ။

အဲဒီတော့ ELEVEN သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို စာ သုံးခါ
သွားတင်တယ်။ တင်တော့
စိစစ်ရေးကလူကြီးက ပါပြီးပြီပဲ ဘယ်တတ်နိုင်မလဲ တဲ့။ သူက အဲဒီလို
ပြောလိုက်တော့ ကိုယ်လည်း
စိတ်အားငယ် စိတ်မကောင်းဖြစ်ရုံပဲ ရှိတာပေါ့လေ။ တော်တော်လေးကို စိတ်မကောင်း
ဖြစ်တယ်။
ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဆိုတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ဒီ
ကိုယ်ဝန်ကိစ္စနဲ့
ပတ်သက်ပြီး စိတ်ထဲမှာ ခံစားနေရတာ တမျိုး၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
ခံစားနေရတာ တမျိုးနဲ့
အကြောင်းတွေက အများကြီး စုပြီး စိတ်မကောင်း ဖြစ်နေရတာ။

စာပေစိစစ်ရေးကို စာသုံးခါ တင်ပြီးတဲ့ အချိန်မှာကို နောက်လ IDEA မဂ္ဂဇင်းမှာ
ထပ်ပြီး
ပါခဲ့တယ်။ အိမ်ထောင်ဆက်တွေက ဘယ်သူ ဘယ်သူတွေပါပေါ့။ သူတို့ နံပါတ်စဉ်တွေနဲ့
တပ်ပြီး
ပါလာခဲ့တော့ ထပ်ပြီး စိတ်ထဲမှာ ခံစားရပြန်တယ်ပေါ့။ ခံစားရတယ် ဆိုတာက ထက်ထက်
တယောက်တည်း
ကိုယ့်အတွက်ကို ခံစားရတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ထက်ထက်ဘေးမှာ
ထက်ထက်ကို ကြည့်ရှု
ပေးနေတဲ့ ထက်ထက်ရဲ့အမျိုးသားနဲ့ ယောက္ခမကို ထက်ထက် မစော်ကားချင်ဘူးလေ။
ပြဿနာတွေ ထပ်
မဖြစ်ချင်ဘူး။ သူတို့လည်း လက်ခံနိုင်လို့ ခွင့်လွှတ်နိုင်လို့ အခုချိန်မှာ
အေးအေးချမ်းချမ်း
လျှောက်လှမ်းနေကြတာလေ။ သိပြီးသား ကိစ္စကို ဘာဖြစ်လို့ ခဏ ခဏ ထပ်
လုပ်နေကြမှာလဲ။

အခုကိစ္စမှာလဲ အရင်ဦးဆုံး ထက်ထက်ကို အင်တာဗျူး လုပ်ချင်လို့ပါ ဆိုတော့ အင်း
... လုပ်ချင်ရင်
လုပ်ပေးမယ်လေဆိုပြီး 7Day ရဲ့အင်တာဗျူးကို လက်ခံလိုက်တာ။ ဓာတ်ပုံလည်း
ရိုက်ပေးမယ် အင်တာဗျူးလေး
လုပ်ပေးမယ် ဆိုတဲ့ ဟာကို လက်ခံလိုက်တာ။ ဒါပေမယ့် အဲဒီ ဆီဒိုးနားမှာ
ပွဲအကြီးကြီးလုပ်နေတဲ့အချိန်မှာ
ဖြစ်သွားတဲ့ကိစ္စ။ ဒါဟာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ နားထောင်တဲ့သူတိုင်း၊
သိတဲ့သူတိုင်းက
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ရှင်းမှာပါ။ ကိုယ်မှန်တယ်လို့လည်း မပြောချင်ဘူး။
ကျမကို
ဒီလိုလုပ်လို့ ကျမက ဒီလိုလုပ်တာလို့လဲ မပြောချင်ဘူး။

အဲဒီပွဲမှာ ကိုယ်စင်ပေါ်တက်ပြီးပြောရမယ့် စကားတွေ ခေါင်းထဲမှာ
စဉ်းစားနေတဲ့အချိန်မှာ
VIP လို့ ရေးထားတဲ့ ၀ိုင်းမှာ ဘေးမှာ (သရုပ်ဆောင်) မယ်လိုဒီ လည်း ရှိတယ်။
နောက် မယ်လိုဒီက
ဓာတ်ပုံ ရိုက်စရာ ရှိလို့ ဆိုပြီး ထပြန်သွားတဲ့ အချိန်မှာ သူက ၀င်လာပြီး
ကျန်းမာရေး
ကိစ္စက စမေးတယ်။ အခု ကောင်းသွားပြီလို့ ထက်ထက်ဖြေတယ်။ နောက်ဆက်မေးတာက
မိခင်တယောက်အနေနဲ့
သားသမီး ဆုံးသွားတော့ ဘယ်လို ခံစားရလဲ တဲ့။ ဒီမေးခွန်း မေးသင့်လား
မမေးသင့်လား
ဆိုတာ မေးတဲ့သူရော မေးခိုင်းတဲ့သူရော စဉ်းစားရမယ်လေ။

မေး။ ။ စင်ပေါ်တက်ပြီး စကားပြောရမယ့်
အချိန်ဆိုတော့ အဲဒါမှာက ဘာပွဲ ကျင်းပနေလို့လဲ။

ဖြေ။ ။ ကုန်စည် မိတ်ဆက်ပွဲပါ။

မေး။ ။ စကားပြောရမယ် ဆိုတာက
ကုန်စည်မိတ်ဆက်စကားမျိုးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီပစ္စည်းတွေကို
မင်းသမီးတယောက် အနေနဲ့ ဘယ်လို သုံးခဲ့လဲ ဆိုတာကို ရှင်းပြရမှာပါ။ ဒီပွဲ
လုပ်တာကလည်း
ထက်ထက်ကို အဓိက ထားပြီးတော့ လုပ်တာလိုမျိုး ဖြစ်နေတယ်လေ။ ဒါကြောင့်
ပြောရမယ့် စကားတွေကို
သေချာ စဉ်းစားနေရတဲ့ အချိန်ပါ။

မေး။ ။ အခု သတင်းထောက်ဘက်က ရန်ကင်း
တရားရုံးမှာ အမှုဖွင့်ထားပြီလို့ ကြားနေရတယ်။ မထက်ဘက်ကရော ဘယ်လို
ပြင်ဆင်ထားပြီလဲ။

ဖြေ။ ။ ဘာမှ
မပြင်ဘူးရှင့်။

မေး။ ။ တရား ရင်ဆိုင်ဖို့ကို
ပြောတာပါ။


ဖြေ။ ။ တရား ရင်ဆိုင်မယ် လို့လည်း
မဟုတ်ဘူး။ ရင်မဆိုင်ဘူးလည်း မဟုတ်ဘူး။ ထက်ထက် စိတ်ထဲမှာ ဘာမှ မရှိဘူး။

မေး။ ။ ရန်ကင်း တရားရုံးကရော မထက်ကို
အကြောင်းကြားတာ ရှိပြီလား။

ဖြေ။ ။ မရှိပါဘူး။

မေး။ ။ အခုချိန်ထိ
မရှိသေးဘူးပေါ့နော်။

ဖြေ။ ။ ဟုတ်။ မရှိပါဘူး။

မေး။ ။ မထက်ဘက်က အခုဒီကိစ္စနဲ့
ပတ်သက်ပြီး
စာပေ စိစစ်ရေးကနေ နောက် စာနယ်ဇင်းတွေကို ဖော်ပြခွင့်မပေးပါနဲ့ဦး ဆိုပြီး
ပုဂ္ဂိုလ်ရေးရာ
အရ တင်ပြ တောင်းဆိုထားတာ ရှိနေတယ် လို့ ကြားရပါတယ်။ စာပေစိစစ်ရေးက ဘယ်လို
အကြောင်း
ပြန်ပါသလဲ။

ဖြေ။ ။ တင်ပြထားတယ် ဆိုတာ အရင်တခေါက်
ထက်ထက် ကိုယ်ဝန်ရှိနေတုန်းက စာ ၂ ခါ ၃ ခါ သွားတင်လိုက်တာပါ။ ဘာဖြစ်လို့လဲ
ဆိုတော့ အနုပညာသမားနဲ့
စာနယ်ဇင်းသမား ဆိုတာ သူတို့လည်း သူတို့အလုပ် လုပ်ကြသလို ပရိသတ် တွေကလည်း
မင်းသမီး၊
မင်းသားတွေကို ချစ်ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အားလုံးဟာ ကိုယ့်ဘ၀ကို
ကောင်းတာပဲ ဖြစ်ချင်တာပဲ။
ဆိုးတာတော့ ဘယ်ဖြစ်ချင်ပါ့မလဲ။ လူတိုင်း လူတိုင်း ဒီလိုပဲ။ ဒါပေမယ့်
သူတို့က မေးတယ်
ဆိုတာကလည်း စည်းမျဉ်း စည်းကမ်းလေး ရှိသင့်တာပေါ့။ ပြီးတော့ VIP ၀ိုင်းမှာ
သူများအလုပ်လုပ်နေတဲ့အချိန်မှာ
ဝင်မေးတယ် ဆိုတာက လာ နှောင့်ယှက်တာနဲ့ အတူတူပဲလေ။

မေး။ ။ အဲဒီပွဲမှာ တွေ့ဆုံဖို့ကို
မထက်က ချိန်းဆိုလိုက်တာလို့ ကြားပါတယ်။

ဖြေ။ ။ ဟုတ်တယ်။ အဲဒီမှာ တွေ့ဖို့
ပြောလိုက်တာ။ ဒါပေမယ့် အဲဒီပွဲဝိုင်းထဲမှာ မေးဖို့အတွက် VIP ၀ိုင်းမှာ
လာထိုင်ဖို့
အတွက် သူ့ကို မခေါ်ဘူး။

မေး။ ။ အခုပဋိပက္ခကို စာနယ်ဇင်းတွေမှာ
မဖော်ပြဖို့ တင်ပြထားတဲ့ အပေါ် စိစစ်ရေးက ဘယ်လို တုံ့ပြန်လဲဗျ။

ဖြေ။ ။ ဘာမှတော့ အကြောင်း မပြန်ဘူး။
ဒါပေမယ့် သတင်းကြားတာ VOICE ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ။

မေး။ ။ စိစစ်ရေးကို ဘယ်ရက်ပိုင်းက
တင်ပြခဲ့တာလဲဗျ။

ဖြေ။ ။ တင်ပြတာကတော့ ထက်ထက်က အမြဲ
လိုလိုကို ပြောထားပါတယ်။ လူကြီးတွေကိုလေ။ မလိုလားအပ်ဘဲနဲ့ကတော့ ကိုယ်ရေး
ကိုယ်တာ ကိစ္စတွေ၊
ကိုယ်မှ မဟုတ်ဘူး တခြား မင်းသမီး၊ မင်းသားတွေ အတွက်လည်း မဖော်ပြစေချင်ဘူး။
ထက်ထက် အခုချိန်မှာ
ခေါင်းတွေလည်း ခြောက်နေတယ်။ အေးအေး ဆေးဆေးပဲ နေချင်တယ်။ အဲဒီ ပြဿနာတွေလည်း
လုပ်ခဲ့တာတော့
လုပ်ခဲ့တာပေါ့။ သူတို့လုပ်လို့ ကိုယ် ဒီလိုမျိုး တုံ့ပြန်မှုက
မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်။
ဒါပေမယ့် နောက်ဆက်ပြီး ဘာပြဿနာမှ ထက်ထက် မဖြစ်ချင်တော့ဘူး။

မေး။ ။ တကယ်လို့ ရန်ကင်းတရားရုံးက
ဆင့်ခေါ်တာမျိုး ရှိလာရင် ဘယ်လို ရင်ဆိုင်မယ်လို့ စီစဉ်ထားလဲ။

ဖြေ။ ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတော့
ကိုယ်က သူများကို မဟုတ်တာ လုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ
ချောင်းရိုက်တာလည်း မဟုတ်ဘူးလေ။
ဒီလိုမျိုး လုပ်လို့ ဒီလိုမျိုး ဖြစ်ရတယ်ဆိုတာ အကြောင်းရှိလို့ အကျိုး
ဖြစ်လာတယ် ဆိုတာကို
နားထောင်ကြည့်တဲ့ တရားရုံးကလည်း သိမှာပါ။

မေး။ ။ ရှေ့နေတွေ ငှားဖို့ရော ပြင်ထား
ပြီးပြီလား။

ဖြေ။ ။ မပြင်ပါဘူး။ ဘာမှ မပြင်ဘူး။

ဒါကတော့ ဧရာဝတီက နေ သရုပ်ဆောင်ထက်ထက်မိုးဦးကို ဆက်သွယ်မေးမြန်းချက်ကို ကူးယူဖော်ပြထားတာပါ။

နှစ်ဦးနှစ်ဖက် စကားကို ဖတ်ပြီးရှုပြီးနောက် ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာကို မိမိကိုယ်တိုင်ဆုံးဖြတ်ကြပါလို့ 

ပြောကြားလိုပါကြောင်း..

အောင်လင်းနိုင်


Friday, 21 May 2010

သရုပ်ဆောင်ထက်ထက်မိုးဦးမှ လူမှုရေးအရထိခိုက်မေးမြန်းလာသော မီဒီယာသမားကို ပါးရိုက်


ရုပ်ရှင် သရုပ်ဆောင်တစ်ဦးက သတင်းထောက် တစ်ဦးအား အင်တာဗျူး
မေးမြန်းမှုအပေါ် မကျေနပ်မှုနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့်
နစ်နာသူကတရားရုံးသို့ ဦးတိုက်လျှောက်ထားမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
7 Day News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ
အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင် ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင်
ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍
ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည်ချိန်းဆိုမှု ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်ဟု သိရသည်။
ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌
ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့်
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News သတင်းဂျာနယ်မှ သတင်းထောက်
မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အင်တာဗျူးပြုလုပ်ချိန်တွင် မေးခွန်းခုနစ်ခုခန့် မေးပြီးနောက်
အဆိုပါသတင်းထောက်က''ပရိသတ်တွေက ပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ
ပြန်စနေရတယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ''ဟု မေးမြန်းချက်
အပေါ်ထက်ထက်မိုးဦးက ''သွားလိုက်တော့၊ နင်သွားလိုက်တော့"ဟု
ပြန်လည်ပြောကြားခဲ့ကြောင်းသိ
ရသည်။
ထို့ကြောင့် သတင်းထောက် မအေးသူစံက သရုပ်ဆောင် ထက်ထက်မိုးဦးအား တောင်းပန်၍
ပြန်ထွက်လာခဲ့ရာ ထက်ထက်မိုးဦးမှာ အပြင်သို့ အရင်ရောက်ရှိနေပြီး သတင်းထောက်
မအေးသူစံအား ဤသို့မေးသည်မှာ သူ့အားစော်ကားခြင်း ဖြစ်ကြောင်း မည်သူမေးခိုင်းသလဲ၊
စာနယ်ဇင်းများ၏ နှစ်ပဲတစ်ပြားလစာကို သနားလို့ ဖြေနေခြင်း ဖြစ်ကြောင်း စသည်ဖြင့်
ပြောကြားခဲ့ပြီး သတင်းထောက်အား ဆံပင်ဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရှိရပါသည်။

''ကျွန်တော်မြင်လိုက်ရပါတယ်။ အဲဒီသတင်းထောက်ကို ပါးရိုက်ပြီး
အခမ်းအနားကျင်းပရာ ခန်းမထဲကို ပြန်ဝင်သွားတာပါ''ဟု
အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် ဆီဒိုးနားဟိုတယ်တွင် ရောက်ရှိ မြင်တွေ့ခဲ့သူ
တစ်ဦးက ပြောပါသည်။

ယင်းသို့ ဖြစ်ပွားနေချိန်၌ သတင်းထောက် မအေးသူစံနှင့် အတူ ဓာတ်ပုံရိုက်ရန်
ပါလာသည့် ကိုသန့်ဇင်အောင်၊ ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မ၀င်းမာ၊
ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလနှင့် ပွဲသို့လာရောက်သည့် တစ်ခြားသူများ
ပါမြင်တွေ့ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်း သို့
ညတွင်းချင်း တိုင်ကြားခဲ့ရာတွင် ဖြစ်စဉ်အရ ရဲရေးမပိုင်သော အမှုဖြစ်ကြောင်း၊
သင်္ဃန်းကျွန်းဆေးရုံကြီးတွင် ရရှိသောဒဏ်ရာများနှင့် ပတ်သက်၍ ဆေးစစ်မှုမှတ်တမ်း
ရယူခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ရန်ကင်းမြို့နယ် တရားရုံးသို့
ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။ ရန်ကင်းတရားရုံးသို့ ၂၀၁၀
ခုနှစ်ပြစ်မှုကြီးအမှတ် ၁၈၂/၁၀ ဖြင့် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း
တရားရုံး ချုပ်ရှေ့နေ ဦးသန်းထွန်းအောင်က ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါ
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ဒီလိုတရားရင်ဆိုင်ဖို့ စီစဉ်ခဲ့ရတာကတော့ စာနယ်ဇင်းသမားတွေရဲ့
ဂုဏ်သိက္ခာနဲ့ စာနယ်ဇင်းရဲ့ ဂုဏ်သိက္ခာအတွက်သာ ဆောင်ရွက်ရတာပါ။ သတင်းထောက်
တစ်ယောက်အနေနဲ့ကတော့ စာဖတ် ပရိသတ်တွေရဲ့ကိုယ်စား ဘယ်မေးခွန်းမဆို မေးခွင့်
ရှိပါတယ်။ ဖြေတဲ့သူကလည်း မဖြေချင်ရင် ငြင်းခွင့်ရှိပါ တယ်။
ငြင်းတာကိုလက်ခံပါတယ်။ သတင်းစာပညာမှာတော့ Stupid Question ဆိုတာမရှိပါဘူး။
လူမှုရေးကျင့်ဝတ်အရ စောင့်ထိန်းထားရတာပဲ ရှိပါတယ်။ဒါပေမယ့် စာနယ်ဇင်းသမား
တစ်ယောက်ကို ဒီလိုကိုယ်ထိလက်ရောက် ပြုမူတာမို့ ကျွန်တော်တို့ကလည်း
ဒီလိုတရားရင်ဆိုင် ဖို့စီစဉ်ရတာပါ။ အခုဟာက အေးသူစံတစ်ယောက် အနေနဲ့သာ
တရားရင်ဆိုင်တာဖြစ်ပြီး ကျွန်တော်တို့ တိုက်အနေနဲ့လည်း ဆက်လက်ပြီး
တရားရင်ဆိုင်သွားဖို့ ရှိပါတယ်''ဟု 7 Days News ဂျာနယ်မှ
တာဝန်ရှိသူအယ်ဒီတာတစ်ဦးက ပြောပါသည်။

ယခုကဲ့သို့ အနုပညာရှင် Celebrity တစ်ယောက်က မီဒီယာသမား တစ်ယောက်ကို
ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမျိုး မြန်မာမီဒီယာလောကတွင် ယခင်က
ဖြစ်ပွားခဲ့သည်ဟု မကြားမိကြောင်း ယခုကဲ့သို့ဖြစ်ပွားသည်မှာ မသင့်လျော်ပါကြောင်း
ယခုဖြစ်စဉ်ကို ရှုတ်ချပါကြောင်း ၀ါရင့်မီဒီယာသမားတစ်ဦးက ပြောကြားခဲ့ပါသည်။

နာကျင်စေမှုနှင့်ပတ်သက်၍ ငွေဒဏ်ဖြစ်စေ၊ အများဆုံး ထောင်ဒဏ်
တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေး အရေးယူနိုင်ကြောင်း
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃အရ သတ်မှတ်ထားကြောင်း၊ အပြင်းအထန်
နာကျင်စေမှုများနှင့် ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅အရ ခုနစ်နှစ်အထိ
ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း
ပြဌာန်းထားသည်ဟု ဥပဒေပညာရှင် တစ်ဦးက ပြောပါသည်။
forward mail ကနေ ရတာပါ။ ဘယ်သူလွန်တယ် မလွန်ဘူးဆိုတာတော့ မပြောလိုပါဘူး။ သို့ ပေမဲ့
အမှန်တရား ဆိုတာတော့ရှိသင့်တယ်။ ဒီကိစ္စမှာ စာနယ်ဇင်းက ဒီ''ပရိသတ်တွေက ပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ
ပြန်စနေရတယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ'' ဆိုတဲ့ မေးခွန်းတစ်ခုပဲမေးခဲ့တာ
ဟုတ်သလား။ ဒိပြင်ဘာတွေမေးသွားသေးလဲ။နောက် 7days ကပြောတဲ့ Stupid Question ဆိုတာမရှိပါဘူး။
လူမှုရေးကျင့်ဝတ်အရ စောင့်ထိန်းထားရတာပဲ ရှိပါတယ်။ ဆိုတဲ့ စကားကိုပြောရရင် ဒီမေးခွန်းတွေကရော
လူမှုရေးကျင့်ဝတ် စောင့်ထိန်းပြီးမေးလိုက်တာလား။ စာနယ်ဇင်းကျင့်ဝတ်ကို ဆိုတာရောအတိအကျလိုက်
နာပြီး လုပ်နေကျတာလားလို့ လဲမေးချင်ကြောင်းပါ...

Monday, 17 May 2010

နိုင်ငံကျော် စာရေးဆရာ ရုင်ရှင်မင်းသား အဆိုတော် ဒါရိုက်တာ ဦးသုမောင် ကွယ်လွန်ရှာပြီ











ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာ နယ်ပယ်များတွင် ထင်ရှားသူတစ်ဦး ဖြစ်သည့် စာရေးဆရာအကယ်ဒမီ သုမောင်အသက် (၆၀)နှစ်သည် အသည်းရောဂါဖြင့် မေလ ၁၆ ရက်နေ့ ည ၉ နာရီအချိန်၌ ရန်ကုန်မြို့ရှိ သုခကမ္ဘာ အထူးကုဆေးခန်း၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
''ဆေးရုံတက်နေရတာ သုံးရက် ရှိသွားပါပြီ။ အသည်းရောဂါနဲ့ ဆုံးသွားခဲ့တာပါ''ဟု ဆရာသုမောင်၏ သားဖြစ်သူ ဖိုးသောကြာက ပြောကြားခဲ့ပါသည်။
အကယ်ဒမီ သုမောင်သည် ၁၉၅၁ခုနှစ်က အဘစာရေးဆရာ ဒါရိုက်တာဦးသာဓုနှင့်အမိ ဒေါ်ခင်ညိုတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သော တတိယမြောက်သားတစ်ဦးဖြစ်ပြီး အမည် အရင်းမှာ မောင်ဗလဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်း၌
ပညာသင်ကြားခဲ့ပြီး ၁၉၆၉ခုနှစ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းမှ
ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၇၀ပြည့်နှစ်
ဝတ်မှုန်ဂျာနယ်တွင် အုပ်စိုးအမည်ဖြင့် ရေးသားခဲ့သော သနပ်ခါးရေကျဲကျဲ ၀တ္ထု
တိုမှာ အကယ်ဒမီသုမောင်၏ ပထမဆုံးသော ၀တ္ထုတိုဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင်
ချစ်စံနမူ ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကသို့
စတင်ဝင်ရောက်လာခဲ့ပါသည်။ ၁၉၇၄ပြည့်နှစ်၌ပင် နှောင်းတမြေ့မြေ့၊
အကြင်တို့လင်မယား စသည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့ပြီး
သုမောင်၏အမည်မှာ ထင်ရှားလာခဲ့ပါသည်။ နှောင်းတမြေ့မြေ့ ရုပ်ရှင်ဇာတ် ကားတွင်
ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို သီဆိုခဲ့ပြီးနောက်
ဂီတလောကသို့လည်း ရောက်ရှိခဲ့ပါသည်။ ထို့အပြင် ၁၉၇၄ခုနှစ်တွင် ထွက်ရှိခဲ့သော
အချစ်လုံးချင်းဝတ္ထုမှာလည်း သုမောင်၏ထင်ရှားသော ၀တ္ထုတစ်ပုဒ် ဖြစ်ခဲ့ပါသည်။
ထိုဝတ္ထုသည် စာရေး ဆရာအဲရစ်ခ်ျဆီဂယ်၏ Love Story ၀တ္ထုကို မြန်မာမှုပြု၍
ဆရာသုမောင် က ပြန်လည်ရေးသားခဲ့ကာ အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။
ထိုကာလနောက်ပိုင်း စာပေများ ရေးသားခြင်း၊ တေးသီချင်းသီဆို ခြင်းနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထင်ရှားကျော်ကြားခဲ့ပါသည်။ ၁၉၉၀ပြည့်နှစ်၌ ခုနစ်စဉ်အလွမ်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး
မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသည်။
မကွယ်လွန်မီအချိန်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၄၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ရုပ်ရှင် နောက်ခံသီချင်း၊ ရေဒီယိုသီချင်း အစရှိသော တေးသီချင်းပေါင်း ၂၀၀၀ ကျော်ကို သီဆိုထားခဲ့ကြောင်း သိရှိရပါသည်။
ဦးသုမောင်သည် သရုပ်ဆောင်ကောင်းတစ်ဦး ဖြစ်ခဲ့သည့်အပြင် စာပေရေးသားခြင်းကို
မွေ့လျော်သူ တစ်ဦးဖြစ်ပြီး လုံးချင်းဝတ္ထုစာအုပ် အများဆုံးရေးသားခဲ့သော
စာရေး ဆရာတစ်ဦးဖြစ်ပါသည်။
မကွယ်လွန်အချိန် အထိစာပေရေးသားခြင်းကို လုပ်ဆောင်ခဲ့ပြီး မန္တလေးအက်ဖ်အမ်တွင်လည်း''သြော် ဒါနဲ့စကားမစပ်'' အစီအစဉ်ကိုအပတ်စဉ် စီစဉ်တင်ဆက်နေခဲ့သူတစ်ဦး ဖြစ်ပါသည်။
အထက်ပေါ်ပြပါသတင်း ကို တော့ ကျွန်တော် မန်ဘာဝင်ထားတဲ့ ချောကလက်မြို့ တော် http://chocolatemyotaw.ning.com မှာ တင်ထားတာကို ကူးယူဖော်ပြလိုက်တာပါ။
ဒီနေ့ အလုပ်ကအ ပြန်ရထားပေါ်မှာ ဖုန်းက မေးလ်ကို ဖွင့်ကြည့်တော့ ချောကလက်မြို့ တော်ကပို့ ထားတဲ့
မေးလ်တစ်စောင်မှာ သုမောင် အသည်းရောဂါ ဆိုပြီး တစ်ပိုင်းတစ်စမြင်လိုက်ကတဲက ဦးသုမောင်အတွက်
ထိတ်ခနဲ စိတ်ပူသွားပါတယ်။ဒါနဲ့ စိုးရိမ်စွာနဲ့ ပဲ မေးလ်ကိုဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ဆုတောင်းမပြည့်
ခဲ့ပါဘူး။အဖေလို ဦးလေးလို ခင်မင်ရင်းနှီးခဲ့ ရသော ဦးဗလ ကွယ်လွန်သွားတဲ့သတင်းက ကျွန်တော် ရင်ဘတ်
ကိုစောင့်ကန်လိုက်သလို ပါပဲ။
လွန်ခဲ့တဲ့ ၇ နှစ် လောက်က ဦးဗလခေါ်ဦးသုမောင်နဲ 34 လမ်းမှာရှိတဲ့ ဒရင်းမ်တက် (အင်္ဂလိပ်လိုမေ့နေပြီ)
ယခု city design ကားဆက်ခန်းမှာ တွေ့ တာပါ။ပထမ သူ့ ညီ ဦးအာယုနဲ့ အရင် ဦးမောင်(ကျော်သူ)ကား
မွေခံထိုက်စေ ကိုဆက်ပြီးတော့ ဦးအာယုက သူ့ အကို ဦးဗလ ကို ကျွန်တော် တို့ ကားဆက်ခန်းကို ခေါ်လာခဲ့ပါတယ်။
အဲဒီမှာ ဦးဗလ က သူ့ သားဖြစ်သူ ဖိုးသောကြာကို ပထမဆုံး ရိုက်တဲ့ မြန်မာ့ရုပ်မြင်သံကြားဇာတ်လမ်းတို
လေးတွေကို လာဆက်တာပါ။ ၀ထ္ထုတွေက သူ့ ဝထ္ထုတွေ ပဲထင်ပါတယ် မမှတ်မိတော့ပါ ။မှတ်မှတ်ရရ ဇာတ်
လမ်းတစ်ပိုင်းရဲ့ နာမည်က "စနေချစ်သူ" ပါ။အဲဒီဇာတ်လမ်းတိုလေးထဲမှာပါတဲ့ အပြစ်ဆိုတဲ့သီချင်းကို ကျွန်တော်
ကကြိုက်တယ်လို့ ပြောတော့ ဦးဗလကြီးက သဘောကျပါတယ်။ သူက မြန်မာသံ ကို လူကြီးတွေ ကသာမက
လူငယ်တွေက ပါ တန်ဖိုးထားစေချင်တယ်လေ။ အဲဒီဇာတ်လမ်းတိုလေးတွေ ဆက်ရင်းနဲ့ ပဲဦးဗလ နဲ့ ကျွန်တော်
ဟာ တကဲ့ ကို ဆွေမျိုးရင်းချာလို ခင်မင်သွားပါတော့တယ်။ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော် ဟာ ငယ်စဉ်ကတဲ
က ဦးဗလ ရဲ့ စာဖတ်ပရိတ်သတ်ပါ။ သူ့ ရဲ့ အချစ် ၀ထ္ထုကို ကြိုက်လွန်းလို့ ပထမအကြိမ် ပုံနှိပ်စာအုပ်ကို ရအောင်
ဝယ်ပြီးသိမ်းတဲ့သူပါ။နောက် အချစ်လားသူဖျားနေတယ် ၊အချစ်သစ်ပင်၊ ကွမ်းစကား၊အချစ် ၂၊ အချစ်နှင့် သူ၏
ကိုကို ၊အကြွေး (ထိုအကြွေး ၀ထ္ထုကို ဦးမီးပွားနဲ့ ကျော်ဟိန်းက ဦးဗလကိုမပြောဘဲရိုက်ပြီးမှ သိရတဲ့အတွက်
စိတ်မကောင်းကြောင်းကျွန်တော့်ကို ပြောဖူးပါတယ်)စတဲ့ စာအုပ်တွေကို စွဲစွဲ မြဲမြဲ ၀ယ်သိမ်းခဲ့သူ ဖြစ်နေတာကြောင့် ရယ် ကျွန်တော်ဟာ သူ့ စာဖတ်ပရိတ်သတ်တင် မဟုတ် ၊ ဦးသာဓု ဦးမင်းလူ ဦးဝဏ္ဏ တို့ ရဲ့ စာအုပ်များပါ ကြိုက်နှစ်သက် သူဖြစ်တာ
ကြောင့် ဖြစ်ပါတယ်။ ကျွန်တော့် အကို ဖြစ်တဲ့ အေးလင်းနိုင် ဟာလဲ ဆရာ မင်းလူရဲ့ ပရိတ်သတ်ပါ။
နောက် ဖိုးသောကြာရဲ့ အချစ်လားသူဖျားနေတယ် အခွေ ထုတ်တော့ ဖိုးသောကြာက ကျွန်တော့်ကို ဒါရိုက်တာ
အဖြစ်နဲ့ အမှတ်တရ ရိုက်ပေးပါလို့ ပြောတော့ ဒါရိုက်တာဖြစ်ချင် နေတဲ့ ကျွန်တော် က ၀မ်းမြောက်ဝမ်းသာ
လက်ခံရိုက်ပေးခဲ့ပါတယ်။အဲဒီသီချင်းနာမည်က "အပြစ်" တဲ့...
အဲဒီ သီချင်းလဲရိုက် ရင်းအဲဒီ ဗီစီဒီကိုလဲ ကျွန်တော်တစ်ယောက်ထဲ တည်းဖြတ် ဖြစ်ပါတယ်(လင်းဦးတာရာ ကားဆက်ခန်းမှာပါ)သိတဲ့အတိုင်းကျွန်တော်က
ကားဆက်ရင်ကြာတတ်တယ်လေ။ဒါကြောင့် အဲဒီ အခွေ ဆက်တာ ၃ လလောက်ကြာသွားပါတယ်။ ၃လလောက်
ကြာလဲပြီးရော hardisk လဲပျက်သွားပါတယ် ။ သီချင်းတွေအားလုံးပျက်သွားပါလေရော။ဒါနဲ့ ကျွန်တော်လဲ
စိတ်ပေါက်ပေါက်နဲ့ လင်းဦးတာရာကနေ ထွက်ပြီး လေးကြည်ဖြူခေါ် ဒါရိုက်တာ ကြည်ဖြူသျှင်တို့ ရဲ့ royal art
ကားဆက်ခန်းကို ပြောင်းပါတယ် ။ပြောင်းတယ်ဆိုပေမဲ့ အခန်းဆေးသုတ်တာက အစ ကိုယ်တိုင်လုပ်ရတာပါ။
(royal art အကြောင်းနောက်ကြုံမှပြောပါမယ်) အဲဒီလိုနဲ့ ကားဆက်ခန်းပြောင်းပေမဲ့လဲ သီချင်းတွေပျက်သွား
ပေမဲ့လဲ ဦးဗလ ဟာ လုံးဝ စိတ်ဆိုးခြင်း ညည်းညူခြင်း မရှိခဲ့ပါဘူး ။ ဒါနဲ့ အစကပြန်ဆက်ပါတယ်။ပြန်ဆက်ပြီးနောက် ၆လ လောက်နေမှ အခွေပြီးပါတယ်။ ပြီးလဲပြီးရော ကျွန်တော် ကာ
ရာအိုကေစာတန်းထိုးပါတယ်။နောက် ကျွန်တော်ဆီမှာ editing လာသင်နေတဲ့ မကြည်ဖြူသျှင်ရဲ့ မောင်တစ်ဝမ်း
ကွဲ ဇော်ပျံ ဆိုတဲ့ အကိုကြီး တစ်ယောက်လဲ စာတန်းဝင်ထိုးပါတယ် အလုပ်သင်ပေါ့။ အဲဒီမှာ စာလုံးပေါင်းတွေမှား
လို့ ဆင်ဆာ က တစ်သီကြီးမင်နီတွေနဲ့ ဝိုင်းပြီး ဒဏ်တပ်ပါတယ်။အဲဒီတုန်းက စာလုံးတစ်လုံးမှားရင် ၃၀၀ လားပဲ
မေ့နေပြီ ဒါလဲ ဦးဗလ က ဘာမှမပြောဘဲ ခွင့်လွှတ်ခဲ့ပါသည်။
အလွန်ချစ်ခင်လှသော ထို ဦးဗလကြီးနှင့် ကျွန်တော်တွင် တစ်ခါတယံ သဘောထားကွဲလွဲတတ်လေသည်။
အကြောင်းမှာ ဦးဗလသည် သူ၏ မြန်မာသံသီချင်းများ မြန်မာသံတူရိယာများမှလွဲလျှင် ခေတ်ပေါ်တေးဂီတ
များ သီချင်းသံများကို သရုပ်ပျက်တေးဂီတဟု သတ်မှတ်ခြင်းပင်ဖြစ်သည်။ တစ်ခါက ကျွန်တော့်အား ဟစ်
ဟော့ပ်တွေ ရက်ပ် တွေမပေါ်ခင်ကတဲက မြန်မာပြည်မှာ သံချပ် တွေအရင်ပေါ်တာ ၊သံချပ်သည်လည်း ဟစ်
ဟော့ပုံစံဖြစ်သည်၊ဒါကြောင့်ငါတို့ မြန်မာ့သံချပ်က ဂီတတွင်ရှေ့ ရောက်သည်ဟုခဏခဏ ပြောတတ်ပါသည်။
ထိုအကြောင်းကို မြန်မာ့ရုပ်မြင်သံကြားတွင် သူကိုယ်တိုင် ဒါရိုက်တာ အနေဖြင့်ရိုက်ကူးသော (တွဲဘက်ဒါရိုက်
တာ ရွှေမိုးသက်)"စိန်ခြယ်ဖြာရောင်လင်း" ဇာတ်လမ်းတွင် ကွယ်လွန်သူ ဆရာပြည့်(ဆရာအောင်ပြည့်) ကို ပြောစေခဲ့လေသည်။
ဦးဗလ သည် သူ၏ သားဖြစ်သူကိုလည်း ယဉ်ကျေးမှုတက္ကသိုလ် သို့ တက်စေခဲ့ပြီး မြန်မာသံကိုသီဆိုခဲ့စေ
သည။ထို့ နောက် သူ၏ အရိုက်အရာကို ဆက်ခံစေသော အနေဖြင့် ရိုးရိုးအေးအေး သဘာဝ ကျသော
မြန်မာဟန် မြန်မာအ၀တ်အစား တို့ ဖြင့်သာ ရုပ်ရှင် နှင့် ဗီဒီယို လောက ကိုထိုးဖောက်စေခဲ့လေသည်။
တစ်ခါတစ်လေ ကျွန်တော်တို့ က ဖိုးသောကြာအား အ၀တ်အစားကို ခေတ်နှင့်အညီ ၀တ်ဆင်ရန် နေထိုင်
ရန်ပြောသောအခါ ဦးဗလ သည် အေးဆေးစွာပင် ဒါတွေဟာအပေါ်ယံ ပကာသန တွေပါကွာ တကယ်အရည်
အချင်းရှိရင် အ၀တ်အစားက အရေးမကြီးပါဘူး။ ငါပထမဦးဆုံးရိုက်တဲ့ကားမှာ (ချစ်စံနမူလား၊နှောင်းတမြေ့မြေ့
လားမမှတ်မိတော့ပါ) မျက်နှာအမူအရာတောင်မပါဘူး long shot အဝေးရိုက်ချက်နဲ့ လှည့်ထွက်ပြီး နောက်
ကျောက နေရိုက်ထားတာ၊ အဲဒီမှာ ခဲလုံးကို ပိတ်ကန်လိုက်တဲ့ အခန်း အဲဒီအခန်းနဲ့ သုမောင်ဆိုတာ ဖြစ်လာ
တာကွ ဘာအ၀တ်အစား အကောင်းစားမှ ၀တ်မထားဘူးဟုခဏခဏ ပြောလေသည်။ထို ခဲလုံးကိုပိတ်ကန်
လိုက်သော ဇာတ်ဝင်ခန်းဓါတ်ပုံကိုလည်း မှန်ဘောင်သွင်း၍ အိမ်တွင်ချိတ်ထားခဲ့လေသည်။
ထို သို့ မြန်မာဂီတကို ချစ်မြတ်နိုးသောလူကြီးအား ကျွန်တော်သည် ကျွန်တော့်ကားဆက်ခန်းနံရံတွင်ကပ်ထား
သော Marilyn Manson ၏ ညစ်တီးညစ်ပတ် ပိုစတာတွင်အမှတ်တယ လတ်မှတ်ထိုးခိုင်းသောအခါ ထိုပုံ
ကြီးကို မသတီသော်လည်း မငြီးမညူပင် လက်မှတ်ထိုးပေးခဲ့ပါသည်။ထိုသို့ ချစ်စရာကောင်းသောလူကြီးပါပင်။
ဦးဗလ တွင် မကောင်းသော အကျင့်ဆို၍ အရက်ကို နှစ်နှစ်ချိုက်ချိုက် တန်ဖိုးထား၍ သောက်တတ်ခြင်းပင်။
သူ့ မိန်းမ မသိအောင် အရက်ခိုးသောက်ခြင်းများကိုလဲ မြိန်ရည်ရှက်ရည် ပြောပြတတ်ပါသည်။တစ်ခါက
ရန်ကုန်မှ မန္တလေးသို့ သီချင်းဆိုဖို့ အသွား ကားပေါ်တွင် မိသားစုပါ ပါလာမည် ကိုယ်တိုင်ကားမောင်းရမည်
ဖြစ်သဖြင့် အရက်သောက်ဖို့ အခက်ကြုံလေသည်။အန်တီအေးဘုံက လည်း ဦးဗလ အရက်သောက်မှာဆိုး
သဖြင့် အရိပ်တကြည့်ကြည့်နှင့်ချောင်းနေခဲ့သည်။သားသမီးများကလည်းအလွတ်မပေး၊ထိုအခါ ဦးဗလသည်
ကားပြင်ဦးမည်ဆိုကာ ကားရှေ့ မှန်တိုက်သော ၀ိုက်ဘာ များဆီသို့ ဆပ်ပြာ ရေ လွှတ်ပေးသော တိုင်ကီ (ပုံး)
လေးကို စက်ခေါင်းထဲမှထုတ်ပြီး သေချာစွာဆေးကြောလိုက်သည်။ ထို့ နောက် ထိုပုံးထဲသို့ အရက်အပြည့်ထည့် ကာ ၀ိုက်ဘာသို့ သွားသောပိုက်ကို ဖြုတ်ထားလိုက်လေသည်။ ကားမောင်းရန်ကားပေါ်တက်သောအခါ ထိုပိုက်
ကလေးကို တိုက်ပုံဘေးမှထိုးသွင်းပြီး လည်ပင်းနားတွင်ထားထားလိုက်လေသည်။ ထိုသို့ ဖြင့် ခရီးတစ်
လျှောက်လုံး အရက်သောက်ချင်လျှင် ၀ိုက်ဘာဆပ်ပြာထုတ်သည့်ခလုတ်ကို နှိပ်လိုက်ရုံဖြင့် ပိုက်ထဲသို့ အရက်
များအလိုအလျှောက်ရောက်လာခါ ပါးစပ်မှအသင့် စုပ်ယူလိုက်လေသတည်း။
တခါကလည်း သူတို့ ဖေးဘရိတ် "အော်ကျူး"မှဝယ်လာသော ပုလင်းကို ယူလာပြီး ဧည့်ခန်းတွင် သူ့ မိန်းမမြင်
သာအောင်ဖွက်၍ ယူလာသည်(သူ့ မိန်းမအမြင်တွင်တော့အရက်ခိုးဝယ်လာခြင်း)ထို့ နောက် မီးဖိုထဲသို့ ဝင်
သွားပြီး ပုလင်းကို တနေရာတွင်ဖွက်ထားလိုက်ကာ အပြင်ပြန်ထွက်သွားလေသည်။ထိုအခါ ဒေါ်အေးဘုံက
မီးဖိုထဲဝင်ပြီး (မြင်သာအောင်)ဖွက်ထားသောပုလင်းကိုရှာကာ အရက်များကို သွန်ပစ်လိုက်လေသည်။
ထိုညတွင်ဦးဗလ သည်အစစ်အဆေးမရှိအရက်ကို သောက်နိုင်လေတော့သည်။အကြောင်းမှာ ဒေါ်အေးဘုံ
သွန်ပစ်လိုက်သော ပုလင်းထဲမှ အရက်များကို လှယ်ပြီးလျှင် ထိုပုလင်းထဲသို့ ရေများထည့်ထားခြင်းကြောင့်
ဖြစ်လေသည်။
ဦးဗလ နှင့် နောက်ဆုံးတွေ့ ဆုံခြင်းကား ၂၀၀၆ ခုနှစ် လေးလပိုင်းလောက်တွင် ကျွန်တော် တို့ ရိုက်ကူး
နေသော viva entertainment ၏ video magazine အစီအစဉ်တွင် သမီးဖြစ်သူ စိုးအိမ်သူ အား နောက်
ခံ အသံသွင်းခိုင်းခြင်းပင်ဖြစ်သည်။ ဦးဗလသည် သူ့ သမီးကို မြို့ တော်ခန်းမ မှနေ၍ သွားကြိုပြီးလျှင်(ကားကို
ဖိုးသောကြာကမောင်းပါသည်) ကျွန်တော်တို့ ရုံးခန်းရှိရာ အောက်ပုဇွန်တောင်သို့ လာပို့ လေသည်။တစ်ခါ
တစ်ယံ မီးပျက်သဖြင့် ဓါတ်လှေခါးမရမှသာ ကားထဲတွင် ကျန်ခဲ့လေသည်။ထိုအခါ ကျွန်တော်လည်း အောက်သို့ 
ဆင်းပြီး သူ့ ကိုသွားနှုတ်ဆက်ပါသည်။ သူ လာလျှင် မြေညီထပ် ရှိဆိုင်များမှ လူများအားလုံးသိပြီးထွက်ကြည့်
ကြပါသည်။အဘယ်ကြောင့်ဆိုသော နားလေးသော ဦးဗလသည် ကျွန်တော်တို့ ကို အော်ဟစ်နှုတ်ဆက်သော
ကြောင့်ဖြစ်ပါသည်။
ဦးဗလနှင့်ပတ်သတ် ပြီး ကျွန်တော် ကြုံတွေ့ ခဲ့သော အဖြစ်အပျက်များ အများအပြားပင်ရှိခဲ့ပါသည်။ထိုအထဲ
မှ မှတ်မိသလောက်နှင့် အမှတ်တယ ဖြစ်စေသော အချက်ကလေးများ ထုတ်နှုတ်တင်ပြခြင်းဖြင့် ဦးဗလအား
ကျွန်တော် ဂါရ၀ ပြုပါသည်။ ကန်တော့လိုက်ပါသည်။
ဦးဗလ ကောင်းရာ သုဂတိလားပါစေလေ.....
အောင်လင်းနိုင်



စာရေးဆရာဦးသုမောင် ရေးသားပြုစုခဲ့သောစာအုပ်များ
  1. ကမ္ဘာကြီး တုန်သွားတယ် - ၁၉၈၇ ခုနှစ်
  2. ကြူကြူပါအောင် ရယ်သည်
  3. ကွမ်းစကား (ဝတ္ထုတိုပေါင်းချုပ်) - ၁၉၉၉ ခုနှစ်
  4. ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင်းခေါင်းပေါ်မှ - ၁၉၈၈ ခုနှစ်
  5. စာမျက်နှာ (၁၆) (၈/၁၉၇၈)
  6. ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ - ၁၉၈၃ ခုနှစ်
  7. နံနက်စာ ဆောင်းပါးပေါင်းချုပ် - ၂ဝဝ၁ ခုနှစ်
  8. ပင်တိုင်စံ မမောင်းပါဘူးကွယ် - ၁၉၇၇ ခုနှစ်
  9. မချစ်တတ်တာမဟုတ် မချစ်ချင်တာပါ - ၁၉၈၉ ခုနှစ်
  10. ရှင်နေမင်းမှ ပေးသောစာ (ဘာသာပြန်) - ၁၉၇၆ ခုနှစ်
  11. လ - ၁၉၈၁ ခုနှစ်
  12. ဝတ္ထုတိုတပုဒ် ပေးပို့ခြင်း (ဝတ္ထုတိုပေါင်းချုပ်) - ၁၉၈၄ ခုနှစ်
  13. သာဓုနှင့် ကျွန်တော်၏ ဖခင်များအကြောင်း - ၁၉၈၄ ခုနှစ် (ဝတ္ထုတို ပေါင်းချုပ်)
  14. သူ့မောင်မှာ သူ့မောင်မှာ - ၁၉၇၈ ခုနှစ်
  15. သိပ်ချစ်တယ် မဟုတ်လား - ၁၉၇၆ ခုနှစ်
  16. အကယ်ဒမီ - ၁၉၈ဝ ပြည့်နှစ်
  17. အချစ် - ၁၉၇၄ ခုနှစ်
  18. အချစ် (၂) - ၁၉၇၉ ခုနှစ်
  19. အချစ် ငါမသိ - ၁၉၇၈ ခုနှစ်
  20. အချစ်စက် - ၁၉၈ဝ ပြည့်နှစ်
  21. အချစ်နှင့် သူ၏ကိုကို - ၁၉၇၉ ခုနှစ်
  22. အချစ်ပွင့်ကလေးများ - ၁၉၇၈ ခုနှစ်
  23. အချစ်လား သူဖျားနေတယ် - ၁၉၈၆ ခုနှစ်
  24. အချစ်သစ်ပင် - ၁၉၇၈ ခုနှစ်
  25. အချစ်၏ နောက်ဆုံးနေ့များ - ၁၉၇၉ ခုနှစ်
  26. အမှိုက်
  27. အရက်သမား အမှားတရာ (ဆောင်းပါးပေါင်းချုပ်)
  28. အရုပ်ကလေး
  29. မျိုးရိုးထဲမှဆိုးပေကြီးများ

အခြား စာရေး ဆရာများမနှင့် ပူးတွဲ ရေးသားသော ဝတ္ထုများ

  1. ကွေ့မိန်းကလေး ပုံပြင်နှင့် ဘဝရသစာစုများ - ၁၉၉၉ ခုနှစ်
  2. ငါကွ ၊ ခုဆယ်ရာထောင်သောင်း သိန်းသန်းကုဋေ - ၁၉၈ဝ ခုနှစ်
  3. စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ - ၁၉၉၇ ခုနှစ်
  4. စံပယ်သုံးသုံး - ၁၉၈၁ ခုနှစ်
  5. ထို့ကြောင့် အချစ်ဟု ခေါ်ပါသည် - ၁၉၈၁ ခုနှစ်
  6. ပန်းစွယ်တော်ရွက်ကလေး - ၁၉၈၂ ခုနှစ်
  7. ပန်းယွန်းအိမ် - ၁၉၉၉ ခုနှစ်
  8. မှတ်မှတ်ရရ ရှုမဝ ဝတ္ထုတိုများ - ၁၉၉၉ ခုနှစ်
  9. သာဓုအင်ဆန်း (စ်) - ၁၉၇၈ ခုနှစ်
  10. သော်တာဆွေ လွမ်းတသ အမှတ်တရ - ၁၉၉၆ ခုနှစ်

Friday, 7 May 2010

စစ်အစိုးရ မှ နေပြည်တော်ယူနိုက်တက် ဘော်လီဘော အသင်းတည်ထောင်



ရန်ကုန် ၂၀၁၀ သင်္ကြန် တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှု နှင့်ပါတ်သတ် ၍ စစ်အစိုးရမှ နေပြည်တော်တွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ က ရန်ကုန် သင်္ကြန် တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၏
အဓိကတရားခံ ကိုမမိသေးသော်လည်း ပါဝင်ပါတ်သတ်ခဲ့သူ တဦးကို တော့ဖမ်းမိ ထားပြီဖြစ် ကြောင်း
ပြောကြားခဲ့သည်။
ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းမှာ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်ပြီး
ABSDF၊ KNU စတဲ့ အဖွဲ့ အစည်း များမှ ၀ိုင်းဝန်း ပံ့ပိုးကြတယ် လို့ ၎င်း သတင်းစာရှင်းလင်းပွဲ
မှာပြောကြားသွားပါတယ်။
ဖမ်းဆီးထားသူမှာ ဗုံးခွဲမှုတွင် အဓိကတရားခံ မဟုတ်ဘဲ ဘေးက စောင့်ကြည့် ပေးခဲ့သူ ဖြစ်တဲ့ ဖြိုးဝေအောင်
ခေါ် မိုဟာမက်ယှဗန် ဆိုသူဖြစ်ပါတယ်။
ABSDF အဖွဲ့ ရဲ့ ဥက္ကဌ ဖြစ်သူ ကိုသံခဲ က လည်းဒီလို ပြောဆိုချက်ကို ငြင်းလိုက်ပြီး ဒီဗုံးခွဲမှုဟာ စစ်အစိုးရ
ကိုယ်တိုင်ရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုတွင် လူအများသေကြေ ပျက်စီး ကြပြီးနောက် ထိုဗုံးဖောက်ခွဲမှု ကို ပြုလုပ်သူ
မှာ စစ်အစိုးရ ၏ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏မြေးဖြစ်သူ ဖိုးလပြည့် ၏ ရန်သူများဖြစ်ပြီး ဖိုးလပြည့်
၏မောက်မာမှု ဗိုလ်ကျမှုများကို မခံမရပ် နိုင်သဖြင့် ၄င်းအား လုပ်ကြံခြင်းဖြစ်သည် ဟု သတင်းထွက်ခဲ့သေးသည်။

ထို့ အပြင် အဆိုပါ ဗုံးဖောက်ခွဲ မှု ကို စစ်အစိုးရကိုယ်တိုင် ကလုပ်သည် ဟုလည်း သတင်းများထွက်ပေါ်နေခဲ့
သော်လည်း ယခုအခါ စစ်အစိုးရမှ ပြည်ပ anti-government အဖွဲ့ အစည်းများဘက်သို့ ဘော်လီဘော
ပုတ် လိုက်ခြင်းဖြစ်သည် ဟု အများက ပြက်ရယ်ပြု ပြောကြားနေကြကြောင်းလည်းသိရှိရသည်။


NLD ပါတီ ရုံးဆိုင်းဘုတ်များဖြုတ်ချ


မန္တလေးတိုင်း မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်သန်း နေအိမ်တွင် တင်ထားသည့် ဆိုင်းဘုတ်အား မြို့နယ်စည်း အဖွဲ့ဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မနေ့ က (မေလ၆ရက် ၂၀၁၀ )နံနက်ပိုင်းတွင် ဖြုတ်ချခဲ့ကြောင်း သိရသည်။
ထို့ အတူ ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃ လမ်းရှိ ပဲခူးမြို့နယ်စည်း ဥက္ကဋ္ဌ ၏ အိမ်နံပါတ် ၉၂ နေအိမ်တွင် တင်ထားခဲ့သော ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုင်းဘုတ်များနှင့် အလံများကို
မဖြုတ်ချရန် ပြောကြားခဲ့သော်လည်း အချို့ အဖွဲ့ ဝင်များက မိမိတို့ အပေါ်တွင် စစ်အစိုးရမှ အမျိုးမျိုး သော
ပုဒ်မများတပ်ပြီး ဒုက္ခပေးလာမှာ စိုးသဖြင့် ဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် NLD ဗဟိုရုံးချုပ်တွင်တော့ ဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိသွားမည်ဖြစ်ကာ ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် ထိုနေရာ၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်အသုံးပြုသွားမည်ဟု ပါတီဝင်များကပြောသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှာ တရားဝင်ပါတီအဖြစ် ဆက်လက်
တည်ရှိခြင်းမရှိတော့ သဖြင့် အလံများဆိုင်းဘုတ်များ တပ်ထားခြင်းကို စစ်အစိုးရ က ပုဒ်မ အမျိုးမျိုးဖြင့်
တရားစွဲဆိုခြင်းများပြုလုပ်နိုင်သည် ဟု အဖွဲ့ ချုပ် အဖွဲ့ ဝင်ဟောင်း များကထင်မြင်ချက်ပေးနေကြသည်။

Wednesday, 5 May 2010

An afternoon of comedy, poetry, performance and dance

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဟာသပညာရှင် ဇာဂနာ (ခ) ဒါရိုက်တာ ကိုသူရ ကိုစစ်အစိုးရက ထောင်သွင်းအကျဉ်းချ ထားခြင်းကိုဆန့်ကျဉ်သည့် အနေဖြင့် လန်ဒန်ရောက် ကျောင်းသားကျောင်းသူများနှင့် မြန်မာပြည်သူများ က လန်ဒန် trafalgar square တွင် တက်ရောက်ဆန္ဒ္ဒပြခဲ့ကြသည်။














Who is Zarganar?

Burmese poet, comedian, filmmaker and actor, Zarganar, has long been an outspoken critic of Myanmar’s military government. He was most recently arrested on 4 June 2008 for his public criticism of the government’s response to the humanitarian crisis that emerged in the wake of Cyclone Nargis. After it emerged that the Myanmar government was obstructing international aid that was to be distributed to the devastated Irrawaddy Delta and the surrounding areas, Zarganar began to lead efforts to raise and distribute aid from private donors. Despite assurances from the authorities that private donors would be given free access to cyclone affected areas, Zarganar and at least 21 others were later arrested for their participation in the voluntary aid effort.

Zarganar was regarded as a reliable source of information from within Myanmar by the Burmese exile media and regularly gave interviews to journalists abroad. Through the interviews he exposed the devastation which had not been reported by the tightly-controlled Myanmar media. Zarganar and other volunteers documented the devastation caused by the cyclone and the voluntary relief operations that followed. They collected video footage and photographic evidence from the affected areas. At the time of his arrest, the police confiscated Zarganar’s computer, copies of several banned films, DVDs believed to contain footage of the cyclone damage, and US$1000 that had been collected for the cyclone victims.
Two days after his arrest, state-controlled media published warnings against the production of video footage of relief work for foreign news agencies.

Zarganar has insisted that humour in Burma will prevail. “Burmese people love to laugh. If I can’t speak, jokes will still spread. People will make them up themselves.”

** The Free Zarganar Campaign was launched by a consortium of human rights and freedom of expression advocates. Our goal is to mobilise public opinion and win his immediate release. We are now working with private citizens to further highlight Zarganar’s cause, mobilise worldwide opinion and press the Burmese military leaders to release Zarganar immediately.

ဇဂနာ အတွက် မျိုးဆက်သစ်များ

ရုပ်ရှင်နှင့်ဗီဒီရုပ်သရုပ်ဆောင် ဟာသပညာရှင် ဇာဂနာ (ခ) ဒါရိုက်တာ မောင်သူရ အားစစ်အစိုးရကထောင်သွင်းအကျဉ်းချ ထားခြင်းကိုဆန့် ကျင်သည့်အနေဖြင့် လန်ဒန်ရောက်မြန်မာကျောင်းသားလူငယ်များ က







Tuesday, 4 May 2010

ကြွေရုပ်ကလေး

ကြွေရုပ်ကလေး
သူ့ ကိုမြင်ပြီး
အသည်းပုံသစ်ရွက်လေးတွေ
တစ်ဖြုတ်ဖြုတ်ကြွေ ကျကုန်လို့ 
သူ့ ကိုကြွေရုပ်လေးလို့ နာမည်ပေးလိုက်တယ်။
သူ့ နှုတ်ခမ်းက နှင်းဆီနံ့ ထွက်တယ်
မယုံဘူးဆိုပြီးတော့ နမ်းမကြည့်ကြပါနဲ့ 
့နှုတ်ခမ်းနီရဲရဲ ထဲ ဆူးတစ်ခင်း ကြဲထားလေရဲ့ ...
သတ္တုလို ဘ၀ ထူထူ ပေါင်းများစွာလဲ
ကြွေရုပ်လေးက တစစီ ဆုတ်ဖြဲခဲ့ ပြီးပြီ....
ငရဲလို ပူပျင်းပျင်း မီးတောင်တွေလဲ
သူမကြောင့် ခုဆို ရေခဲမြစ်တွေ အဖြစ်
စီးဆင်းနေခဲ့ကြ...
ငါဆိုတဲ့ ဖယောင်းလို "ငအ" လောက်ကတော့
ကြွေရုပ်ကလေးရဲ့ 
့အမှတ်တမဲ့ အပြုံးတစ်ချက် အလက်မှာ
အရည်ပျော်ကျ သွားတာ ..
ဘာဆန်းသလဲ....
5.5.2010
အောင်လင်းနိုင်